ကျနော်တို့ #သေဘော့ဘိုး ကို ကျနော်တို့ တပ်ခွဲနေရာကနေ မနက် ၆ နာရီခွဲလောက်မှာ စထွက်တယ်။ #သေဘော့ဘိုးရောက်တော့ တစ်ညအိပ်ပြီး အားမွေးရတယ်။ ဗိုလ်ကြီးတာဘောက ကျနော့်ကို ခေါ်ပြီး.... " မိုးကြိုး ဟိုးမှာမြင်လား အဲ့ဒါ ခွေးကုန်းပဲ နီးတယ်။ မနက်ကို အစောထွက်မယ်။ Ready ဖြစ်အောင်လုပ်ထား။ ညစာကို လာပို့ပေးမယ်။" ကျနော်ကလည်း " ဟုတ်ကဲ့ ဗိုလ်ကြီး မနက်အစော Ready ပြင်ထားပါ့မယ်ဗျ" လို့ပြောပြီး ရဲဘော်တွေနဲ့ နေရာချပြီး နားဖို့ နေရာယူ စီစဉ်ကြတယ်။ နေရာထိုင်ခင်း စီစဉ်ပြီးတော့ မှောင်ရီပျိုးစ အချိန်မှာပဲ ဗိုလ်ကြီးစီစဉ်ပေးတဲ့ ထမင်းထုပ်တွေ ရောက်လာလို့ ကျနော်တို့ ရဲဘော်တွေ စားကြတာပေါ့ဗျာ။ ထမင်းထုပ်လေးဖြည်ကြည့်တော့......ဝိုးးးးးးး ကြက်သားဟင်း အာလူးလေးနဲ့ဟဆိုပြီး အငမ်းမရ စားပလိုက်တာ ဘေးမှာမျှော်နေတဲ့ ခွေးကတောင် ကြက်ရိုးကို သူ့အတွက်ချန်ဦး ပုံစံနဲ့ ဟောင်ပြီးတောင်းနေလို့ ချကျွေးလိုက်ရတယ်...😂 ည (၇)နာရီ လောက်ကနေစပြီး စခတွေဘက်က လက်နက်ကြီး လက်နက်ငယ်အသံတွေနဲ့ Sniper ပစ်သံတွေ မိုးလင်းအထိ ကြားနေရတာ။ မနက်မှ သိရတာက ဗိုလ်ကြီးတာဘောက Cobra Ranger အဖွဲ့နဲ့ ...