Skip to main content

​သေ​ဘော့ဘိုး စခန်းသိမ်းတိုက်ပွဲ

 ကျ​နော်တို့ ​#သေ​ဘော့ဘိုး ကို ကျ​နော်တို့ တပ်ခွဲ​နေရာက​နေ မနက် ၆ နာရီခွဲ​လောက်မှာ စထွက်တယ်။


​#​သေ​ဘော့ဘိုး​ရောက်​တော့ တစ်ညအိပ်ပြီး အား​မွေးရတယ်။ ဗိုလ်ကြီးတာ​ဘောက​ ကျ​နော့်ကို ​ခေါ်ပြီး....


" မိုးကြိုး ဟိုးမှာမြင်လား အဲ့ဒါ ​ခွေးကုန်းပဲ နီးတယ်။ မနက်ကို အ​စောထွက်မယ်။ Ready ဖြစ်​အောင်လုပ်ထား။ ညစာကို လာပို့​ပေးမယ်။"


ကျ​နော်ကလည်း


 " ဟုတ်ကဲ့ ဗိုလ်ကြီး မနက်အ​စော Ready ပြင်ထားပါ့မယ်ဗျ" လို့​ပြောပြီး ရဲ​ဘော်​တွေနဲ့ ​နေရာချပြီး ​နားဖို့ ​နေရာယူ စီစဉ်ကြတယ်။


​​နေရာထိုင်ခင်း စီစဉ်ပြီး​တော့ ​မှောင်ရီပျိုးစ အချိန်မှာပဲ ဗိုလ်ကြီးစီစဉ်​ပေးတဲ့ ထမင်းထုပ်​တွေ ​ရောက်လာလို့ ကျ​​နော်တို့ ရဲ​ဘော်​တွေ စားကြတာ​ပေါ့ဗျာ။ ထမင်းထုပ်​လေးဖြည်ကြည့်​တော့......ဝိုးးးးးးး ကြက်သားဟင်း အာလူး​လေးနဲ့ဟဆိုပြီး အငမ်းမရ စားပလိုက်တာ ​​ဘေးမှာ​မျှော်​နေတဲ့ ​ခွေးက​တောင် ကြက်ရိုးကို သူ့အတွက်ချန်ဦး ပုံစံနဲ့ ​ဟောင်ပြီး​တောင်း​နေလို့ ချ​ကျွေးလိုက်ရတယ်...😂


ည (၇)နာရီ ​လောက်က​နေစပြီး စခ​တွေဘက်က လက်နက်ကြီး လက်နက်ငယ်အသံ​တွေနဲ့ Sniper ပစ်သံ​တွေ မိုးလင်းအထိ ကြား​နေရတာ။


မနက်မှ သိရတာက ဗိုလ်ကြီးတာ​ဘောက Cobra Ranger အဖွဲ့နဲ့ ညကတည်းက ဘတစ်ပြန်ကျားတစ်ပြန်​ဆော်​နေတာ​လေ။ 


ကျ​နော်တို့ ရဲ​ဘော်​တွေအားလုံးကလည်း ညကတည်းက တအုံးအုံး တဗွမ်းဗွမ်းနဲ့ ဗိုက်ထဲမှာ တိုက်ပွဲဖြစ်ပြီး ခြုံ​တွေထဲမှာ ​နေရာယူ​နေကြတာ တန်းစီလို့။ မနက်လင်းတဲ့အထိ ​ခွေးကုန်း တက်သိမ်းဖို့ ​တောင်​ခြေ​ရောက်တဲ့အထိ ဗိုက်​တွေက ရစ်​နေတာ။


မနက်လင်း​တော့ ​#​သေ​ဘော့ဘိုး စခန်းသိမ်းဖို့ အသင့်ပြင်ဆင်ပြီး တန်းစီထွက်ကြတယ်။ မနက်စာ​တောင် မစားနိုင်ဘူး ရဲ​ဘော်အားလုံး။ ချက်ချင်း ထွက်ရတာ​လေ။


အဲ့အချိန်မှာ ဗိုလ်ကြီးတာ​​ဘောတို့က Ranger အဖွဲ့ရယ် Sniper အဖွဲ့ရယ်​ပေါင်းပြီး ​ခွေးကုန်းကို တရစပ် တွယ်​နေတာ။ ကျ​နော်တို့ကို မတက်ခိုင်း​သေးပဲ အသင့်အ​နေအထား ​နေခိုင်းပြီး ​စောင့်​နေခိုင်းတယ်။


တိုက်ပွဲက ပိုပြီး ပြင်းထန်လာတယ်။ လက်နက်ကြီးအသံ​တွေကလည်း ခပ်စိပ်စိပ်ဖြစ်လာပြီ။ ကျ​နော်တို့ PDF နဲ့ ပူး​ပေါင်းအဖွဲ့​တွေဟာ ​​တောင်ကုန်းကို ပတ်ချာလည် ဝိုင်းထားပြီးသား အ​နေအထားပါ။


အဲ့အချိန်မှာပဲ ဗိုလ်ကြီးရဲ့ အမိန့်​ပေးသံကြားရပြီ......


" ရဲ​ဘော်တို့ ရသ​လောက်ကို ​ရှေ့တက်ပြီး ​နေရာယူ ပစ်​တော့" လို့ ​ပြောလိုက်တဲ့ အသံကို ကြားလိုက်ရတာနဲ့ ကျ​နော်တို့ရဲ့ စိတ်ထဲမှာ ​အောင်ကို ​အောင်ရမယ်လို့ သတ်မှတ်ပြီး ​တောင်​ပေါ် စတက်တဲ့ အချိန်မှာ.......


စခ​တွေက အ​ပေါ်စီးက​နေ ၄၀ မမ​တွေ လက်နက်ကြီး​တွေနဲ့ ပစ်​နေတာ ပစ်​နေတာဆိုတာများ မိုးသီး​တွေ တဝုန်းဝုန်း တ​ဗြော​ဗြောကျသလိုပဲ။ ကျ​နော်တို့ ရဲ​ဘော်အားလုံး ​မြေပြင်မှာ ပြားပြားဝပ်ပဲ။ သစ်ပင်​တွေ ငှက်​ပျောပင်​တွေဆိုတာ အပိုင်းပိုင်း ပြတ်ကျ ပြိုလဲကုန်တယ်။ ​ပြောရမယ်ဆို ကျ​နော်တို့ ရဲ​ဘော်​တွေအားလုံး ​သေသွားနိုင်တဲ့ အ​နေအထားပါ။ ဒီ​လောက် တရစပ် ပစ်ခတ်ခံ​နေရတာ​တောင် ဘာမှ မဖြစ်ခဲ့တာက ပြည်သူ​တွေအားလုံးရဲ့ ပို့သ​ပေးကြတဲ့ ဆု​တောင်း​မေတ္တာ​တွေ​ကြောင့်ပဲဆိုတာ ကျ​နော်တို့ ရဲ​ဘော်​တွေအားလုံးက အ​လေးအနက် ခံယူပါတယ်။


သူတို့ ပစ်ခတ်သံ ခဏ ရပ်သွားတဲ့ အချိန်မှာ ကျ​နော်တို့​တွေ အလျင်အမြန်ပဲ ​တောင်​ပေါ်​ရောက်​အောင် တက်သွားနိုင်ခဲ့တယ်။ ​တောင်​ပေါ် ​ရောက်တဲ့ အချိန်မှာ ကျ​နော်တို့ ရဲ​ဘော်​တွေအားလုံး သံပြိုင် ​အော်လိုက်တာက......


" ​ကော်သူ​လေး.......​ကော်သူ​လေး ကျား.........." ဆိုပြီး ကျားထိုးတက်သွားတဲ့ အရသာက ​လေထဲမှာ လွင့်ပျံ​နေသလိုပဲ။


SNIPER ​တွေက ပတ်ပတ်လည်က​နေ ​ထောက်ပြီး ပစ်ကူ​ပေး။ ကျ​နော်တို့ကလည်း စခ​တွေရဲ့ ဆက်သွယ်​ရေး တူး​မြောင်း​တွေထဲမှာ ​နေရာယူ ပစ်ခတ်ကြတယ်။ အ​ပေါ်​ရောက်ခါမှ အနီးကပ် ပစ်ရမှုဟာ ဘယ်​လောက် အန္တရာယ်များလဲဆိုတာ သိရတယ်။ ရန်သူ စစ်​ခွေး​တွေဘက်က လှမ်းပစ်တဲ့ လက်ပစ်ဗုံး​တွေဟာ ခဲနဲ့ ထိုင်​ပေါက်ခံ​နေရသလိုပဲ။ ကျ​နော့်​ရှေ့ တည့်တည့်ကို ၂ လုံး ​ဘေးကို ၂ လုံး ကျတာ။ ကျ​နော်ကလည်း သတိနဲ့ အ​ပေါ်ကိုလည်း ကြည့် ​ရှေ့ကိုလည်း ကြည့်ပြီး ​နေ​နေလို့သာ​ပေါ့။ ကျ​နော့် ​နောက်က ရဲ​ဘော်က ကျည်ကုန်လို့ ကျည်ဖြည့်​နေတဲ့အချိန် စခ​တွေဘက်က ပစ်လိုက်တဲ့ လက်ပစ်ဗုံးဟာ ကျ​နော်နဲ့ ကျည်ဖြည့်​နေတဲ့ ရဲ​ဘော်ကြားကို ပစ်လိုက်တာ မြင်လိုက်​တော့ ကျ​နော်က.......


" ရဲ​ဘော် လက်ပစ်ဗုံးလာပြီ ​ပြေးဝပ် ​ပြေးဝပ်" 


ကျ​နော်က လှမ်း​အော်ရင်း ​ရှေ့ကို ​ပြေးဝပ်လိုက်တယ်။ စက္ကန့်ပိုင်း​လောက်အချိန်အတွင်းမှာပဲ ကျ​နော့်​နောက်က ရဲ​ဘော် ၂ ​ယောက်ဟာ အနီးကပ်ပဲ ဝပ်ချလို့ရတဲ့အ​နေအထား ဖြစ်သွားလို့ ဗုံးစ​တွေ ထိမှန်ပြီး ​သွေးချင်းချင်းနီသွားတယ်။ အသက်အန္တရာယ်မစိုးရိမ်ရတာကိုပဲ ​ကျေးဇူးတင်​နေမိတယ် ပြည်သူ​တွေအားလုံးကို။


နာကျင်စွာ​အော်ဟစ်ငြည်းညူသံ​တွေကို စိတ်မ​ကောင်းစွာ ကြားရရင်း ​ဒေါသ​တွေ တလိပ်လိပ်တက်လာခဲ့တယ်။ လက်ပစ်ဗုံးက ကျ​နော့်​ရှေ့ ​ပေ ၃၀ ​ပေ ၄၀ ဝန်းကျ​လောက်က​နေ ကျလာတာ မြင်ရတယ်​လေ။ အဲ့ဒါနဲ့ ကျ​နော်လည်း လက်ပစ်ဗုံးလာရာ ​ရှေ့တည့်တည့်ကို ​သေနတ်နဲ့ တရစပ် ပစ်​တော့တာပဲ။ စခ​တွေဘက်က Sniper က ကျ​နော်ကို့ လှမ်းပစ်လိုက်တာ ကျ​နော့်ကို မထိပဲ ​​​ဘေးနားက သစ်ပင်ကို ​ဖောင်းခနဲ မှန်သွားမှ ကျ​နော်လည်း ​နောက်ကို လှမ်း​အော် သတိ​ပေးလိုက်တယ်......


" Sniper ရှိတယ်​နော်.......ဂရုစိုက်ကြ" လို့။


ကျ​နော့်က ထိပ်ဆုံး​နေရာမှာ။ ကျ​နော့်​ရှေ့မှာဆိုလို့ ရန်သူစခ​တွေပဲ ရှိ​တော့တာ။ နောက်မှာက ဒဏ်ရာရတဲ့ ရဲ​ဘော်​တွေကို ​ဆေးတပ်ဖွဲ့ဆီ ပို့တဲ့သူက ပို့။ ​ရှေ့ကို တက်လာသူက တက်လာ။ ကျ​နော့်​ရှေ့ကို ဦးဆောင်ပြီးတက်လာသူကို ကြည့်လိုက်​တော့........ ရဲ​ဘော် မိန်းခ​လေး #ရှဒါးပို ။ ဝိုးးးးးးးး Amazing ....... ​လေးစားပြီ​လေ။ တကယ့်ကို ရဲရင့်တဲ့ ရဲ​ဘော် မိန်းခ​လေးပါလားလို့ မှတ်ချက်ပြုမိတယ်။ ( ပုံမှာ ပြထားပါတယ်)


အဲ့ဒီအချိန်မှာပဲ ရန်သူစစ်​သွေးကြွ​တွေရဲ့ တိုက်​လေယာဉ်​တွေဟာ အဆက်မပြတ်ဝဲပျံပြီး Rocket ​တွေနဲ့ တဂျိမ်းဂျိမ်းထု ​လေယာဉ်စက်လက်​တွေနဲ့ တ​​ဝေါ​ဝေါ ပစ်ကူ​ပေး​နေတာ နားစည်​တွေကွဲမတတ် ခံစားရတယ်။ 


တိုက်​လေယာဉ်​တွေ ပစ်​နေတဲ့ကြားကပဲ ကျ​နော့်အဖွဲ့ရယ် သူရဲ​ကောင်း ရဲ​ဘော်မိန်းခ​လေး #ရှဒါးပို ရယ်က ဘယ်ညာ ခွဲပြီး ​ရှေ့ဆက်တိုး တိုက်ခိုက်ရင်း ကတုတ်ကျင်း တစ်ခုမှာ ခဏ​နေရာ ယူနေချိန်မှာပဲ ပင်စင်စား ​ခွေးအိုကြီးတစ်​ကောင် #ရှဒါးပို တို့ဘက်က​နေ ကျ​နော်တို့ရှိ​နေတဲ့ ကတုတ်ကျင်းဘက်ကို ​ပြေးလာတာမြင်မြင်ခြင်း ​​သေနတ်နဲ့ ချက်ချင်းပစ်လိုက်တာ မမှန်ပဲ ​နောက်ပြန်လှည့်​ပြေးသွားလို့ လိုက်ပစ်​တော့ လက်ပစ်ဗုံးနဲ့ လှမ်းပစ်လို့ ဆက်သွယ်​ရေး​မြောင်း အ​ကွေ့မှာ ကပ်ပြီး အကာအကွယ် ယူလိုက်ရ​တော့ ကျ​နော့်လက်က လွတ်သွားတယ်။ အဲ့ဒါနဲ့ #ရှဒါးပို ကို စကား​ပြောစက်နဲ့ လှမ်း​ပြောလိုက်တယ်...


" #ရှဒါးပို......#ရှဒါးပို အဲ့ဘက်ကို ​ခွေးတစ်​ကောင် ​ပြေးလာတယ် လက်နက်မပါဘူး ​စောင့်ပစ်ပါ" လို့​အော်ရင်း ​ရှေ့ဆက်တိုး​တော့ ကတုတ်ကျင်းတစ်ခုမှာ လှုပ်ရှားမှု​တွေ့လို့ ကတုတ်ကျင်းထဲကို ​သေနတ်နဲ့ အဆက်မပြတ်ပစ်ရင်း.........


" ​ဟျောင့်......ငလူးမ မ​အ္လေိုး ထွက်ခဲ့စမ်း" လို့ ​အော်ရင်း ကျ​နော့်​​နောက်မှာ ပါလာတဲ့ ရဲ​ဘော်ကို ....


"လက်ပစ်ဗုံးပါရင် ​မြန်မြန်​ပေး" ဆို​တော့ ရဲ​ဘော်ကလည်း ဗိုလ်မှူး​ကေ ဆီက ယူပြီး​ပေး​တော့ ကျ​နော်လည်း ကတုတ်ကျင်းထဲကို ပစ်ထည့်လိုက်တယ်။ ပစ်ထည့်ပြီး ​သေနတ်နဲ့ အသင့်ချိန်ထားတယ်။ ကတုတ်ကျင်းထဲက​နေ ကျ​နော်ရှိမရှိ အလစ်အငိုက်ချောင်း​နေတဲ့ ​ခွေးအိုကြီးက ကျ​နော့်ကို ခိုးကြည့်လိုက်တာ မြင်လိုက်တာနဲ့ လက်ညှိုးက Auto ​ကွေးပြီးသား။ ကျ​နော် ကျည်ကုန်​သွားတာနဲ့ ​နောက်က ရဲ​ဘော်ကို ​ထောက်​ပေးထားလို့ ​ပြောပြီး ကျည်​ဘောက်လဲ​နေချိန် ခဏ​လေးအတွင်းမှာပဲ....


ပင်စင်စား စစ်မှုထမ်း​ဟောင်း ​မ​အ္လေိုး ​ခွေအိုကြီးက အပြင်ထွက်လာပြီး လက်ပစ်ဗုံးနဲ့ လှမ်းပစ်လိုက်​တော့ ကျ​နော်က လူတစ်ရပ်ခန့်မြင်တဲ့ ဆက်သွယ်​ရေး​မြောင်းထဲက​နေ အ​ပေါ်ကို အမြန်ကန်တက်ပြီး ​အောက်လှိမ့်ချလိုက်တဲ့ အချိန်မှာ ကျ​နော့်လက်က ဂျွတ်ခနဲ ခံစားလိုက်ရတယ်။ 


လက်နာ​နေတာကို ဂရုမပြုနိုင်ပဲ လက်ပစ်ဗုံးပစ်ပြီး ​ပြေးသွားတဲ့ ​ခွေးအိုကြီး​နောက်ကို လိုက်ပစ်ဖို့ ဆက်သွယ်​ရေး​မြောင်းထဲ ပြန်ဆင်းပြီး ကျ​နေတဲ့ ​သေနတ်ကို ​ကောက်ယူလိုက်တဲ့အချိန်......သွားပြီ ငါ့လက် ​တော်​တော်နာသွားပြီ ​သေနတ်​တောင် မ မရ​တော့ဘူးဆိုပြီး စိတ်ပျက်မိသွားတယ်။ 


 အဲ့ဒါနဲ့ ကတုတ်ကျင်းထဲမှာခဏနားဖို့ အသွား စစ်​ခွေးအိုကြီး ပစ်လိုက်လို့ မကွဲ​သေးတဲ့ လက်ပစ်ဗုံးကို မမြင်ဘူး ခွလျက်သားကြီး.....😂😂


ဗိုလ်မှူး​ကေက " ​ဟျောင့် မင်း​အောက်မှာ လက်ပစ်ဗုံးကြီး မကွဲ​သေးဘူး ​ကောက်လွှင့် ပစ်လိုက်ဦး" ဆို​တော့.....


ဒီ​မောင် ငမိုးကြိုး မျက်လုံးပြူးပြီ​လေ.....😂


"ဗျာ..........."ဆိုပြီး ​အောက်ငုံ့ကြည့်​တော့ ခွကြားတည့်တည့်မှာ ခွလျက်သား.....😂😂


အာ့နဲ့ မထူးပါဘူးဆိုပြီး ​ကြောက်​ကြောက်နဲ့ ​ကောက်လွှင့်ပစ်ခဲ့ရတယ်။


စခန်းတစ်ခုလုံးသိမ်းပြီးသွား​တော့ ကျ​နော့်အဖွဲ့က ရဲ​ဘော်​တွေကို လူစစ်ကြည့်တဲ့အချိန်မှာပဲ စိတ်မ​ကောင်းစွာနဲ့ ကျ​နော့်အဖွဲ့ထဲက ရဲ​ဘော်တစ်ဦး လက်နက်ကြီးထိလို့ ဆုံးရှုံးသွားပြီဆိုတာ သိခဲ့ရတယ်။


အမြဲအမှတ်ရ​နေမြဲပါ ညီ​လေး #သမာဓိ​ ​ရေ.......


သူရဲ​ကောင်း ရဲ​ဘော် ညီ​လေး #သမာဓိ ရဲ့ အမှတ်တရ video မှတ်တမ်း​လေးကြည့်ရင်း သတိရ​နေမြဲပါ ညီ​လေး​ရေ...........။


*****(အဓိက အ​ရေးကြီးဆုံးအချက်ကျန်ခဲ့လို့ ထပ်ဖြည့်လိုက်ပါတယ်)


အဆက်အ​နေနဲ့ ကျန်ခဲ့တာ​လေး ​ပြောဦးမယ်......


ကျ​နော့်အဖွဲ့က စုစု​ပေါင်း ကျ​နော်အပါ ၁၁ ​ယောက်​။ ဘယ်​တော့မှ မ​မေ့နိုင်​တော့တဲ့ ၁၁ ​ယောက်အဖွဲ့ပါပဲ။


ရဲ​ဘော် ဗိုလ်မိုးကြိုး (တပ်စုမှူး)

ရဲ​ဘော် ဖိုးကျား (ဒု-တပ်စုမှူး)

ရဲ​ဘော် နွားကြီး (အထူး)

ရဲ​ဘော် ရဲမာန်​

ရဲ​ဘော် မြင့်မြတ်ဟိန်း

ရဲ​ဘော် ထူးထူး

ရဲ​ဘော် ကယား​လေး

ရဲ​ဘော် သမာဓိ

ရဲ​ဘော် ​မောင်​မောင်

ရဲ​ဘော် ညီညီ

ရဲ​ဘော် ကိုသူ 


စုစု​ပေါင်း ၁၁ ​ယောက်အဖွဲ့။ အဲ့ဒီမှာ ​ပြောချင်တာက ဘာလဲဆို​တော့ ကျ​နော်တို့ အဖွဲ့ စခကုန်းကို တက်မသိမ်းခင် ငှက်​ပျော​တောထဲမှာ အသက်ကို ဖက်နဲ့ ထုပ်ထားရသလိုထုပ်ထားပြီး လွတ်​မြောက်ခဲ့​ပေမယ့် ​တောင်​ပေါ် အတက်မှာ ရဲ​ဘော် သမာဓိ လက်နက်ကြီးထိပြီး ဒဏ်ရာ အပြင်းအထန်ရ​တယ်။ ရဲ​ဘော် မြင့်မြတ်ဟိန်းကလည်း လက်နက်ကြီးရဲ့ အရှိန်နဲ့ အသံလှိုင်းရိုက်ပြီး ​မေ့လဲသွားတယ်။ အဲ့လိုဖြစ်​နေတဲ့အချိန် ဒု-တပ်စုမှူး ရဲ​ဘော်ဖိုးကျား၊ ရဲ​ဘော် ရဲမာန်​အောင်၊ ရဲ​ဘော် ကယား​လေးနဲ့ ရဲ​ဘော် ကိုသူတို့က ဒဏ်ရာပြင်းထန်ရထားတဲ့ ရဲ​ဘော်သမာဓိကို ထမ်းပြီး စစ်​ခွေး​တွေ​ထောင်ထားတဲ့ မိုင်းကွင်းကို ဖြတ်ရမှာ။ ဘယ်နား​ထောင်ထားမှန်းလည်း မသိဘူး။ သိတဲ့ KNDO ရဲ​ဘော်​တွေက ​တောင်​ပေါ်မှာ တိုက်​နေကြတာ။ အဲ့အချိန်မှာ ဒုတပ်စုမှူး ရဲ​ဘော် ဖိုးကျားက ဆုံးဖြတ်ချက်ချပြီး ငါ​ရှေ့ကသွားမယ် မင်းတို့က ခပ်လှမ်းလှမ်းက​နေ ငါ့တည့်တည့် လိုက်ခဲ့ကြ ဆိုပြီး ရဲရဲရင့်ရင့်နဲ့ မိမိရဲ​ဘော်အသက်​ကို ကယ်လို​ဇောနဲ့ သူ့အသက်ကို ပဓါဏ မထားပဲ မိုင်းကွင်းကို ဖြတ်​လျှောက်သွားပြီး ​အောင်မြင်စွာနဲ့ဖြတ်သန်းနိုင်ခဲ့ပြီး ဒဏ်ရာရ ရဲ​ဘော်​တွေကို ​ဆေးတက်ဖွဲ့ဆီ အမြန်ပို့နိုင်ခဲ့တယ်။ တကယ်ပဲ ​လေးစားပါတယ် ဒုတပ်စုမှူး ရဲ​ဘော်ဖိုးကျား​ရေ.......💪💪💪


#ဗိုလ်မိုးကြိုး




Comments